Pages

Wednesday, May 15, 2013

About C#

What is programming language?

 Programming Language ဆိုတာဘာလဲ၊ ဘာကြောင့် ကျွန်တော်တို့တွေ အဲ့ဒီ Language တွေကို သင်ယူလေ့လာဖို့ လိုနေကြတာလဲ? သိပ်ကို ရှင်းလင်းပါတယ်။ ကျွန်တော်တို့ တွေက ကွန်ပျူတာကို ဆက်သွယ်ခိုင်းစေနိုင်ဖို့အတွက် programming language ကို သင်ယူရတာပါ။ ဥပမာ ကျွန်တော်တို့ အင်္ဂလိပ်ကြီး တစ်ယောက်နဲ့ စကား ပြောချင်တယ်ဆိုရင် English Language တက်ရပါမယ်။ ပေါက်ဖော်ကြီးနဲ့ ပြောချင်ရင်လည်း တရုတ်စကား တက်ဖို့လိုပါတယ်။ ဒီလိုပါပဲ အခု ကျွန်တော်တို့ Computer နဲ့ စကားပြောဖို့အတွက် Computer နားလည်တဲ့ စကားကို ကျွန်တော်တို့ သင်ယူရမှာပါ။ ဒီလိုဆို မေးစရာ တစ်ခု ရှိလာပြန်ပါတယ်။ "ကွန်ပျူတာနားလည်တာက 0/1 ပဲ နားလည်တယ်ဆိုပြီး မင်းတို့ အခု သင်နေတဲ့ programming language တွေက အင်္ဂလိပ်လိုတွေ ပါပဲလား"။ ဟုတ်ကဲ့ ဟုတ်ပါတယ်၊ ဒါက ဒီလို ရှိပါတယ် :) ကျွန်တော်တို့ အခုချိန်မှာ ဒီလို လွယ်ကူရှင်းလင်းတဲ့ programming language တွေကို လေ့လာလို့ ရနေတာက ကျွန်တော်တို့ ရဲ့ နောင်တော်၊ ဆရာသမားတွေရဲ့ ကျေးဇူးတွေကြောင့်ပါပဲ။ 0/1  code တွေနဲ့ အစပြုလို့ program တွေ ရေးလာခဲ့ ကြတဲ့ နောင်တော် တွေ အဆင့်ဆင့်က နောင်လာနောင်သား programmer လေးတွေ ပိုမိုလွယ်ကူစွာ program ရေးနိုင်ကြပါစေဆိုတဲ့ စေတနာကောင်းတွေနဲ့ ပိုမိုလွယ်ကူတဲ့ programming language တွေကို တီထွင်ဖန်တီးပေးလာခဲ့ ကြလို့၊ အခုချိန်မှာ ကျွန်တော်တို့ အလွန်လွယ်ကူစွာ လေ့လာနိုင်နေကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရှေးတုန်းက သုံးခဲ့တဲ့ programming language တွေထက် အခုချိန်မှာ သုံးနေတဲ့ programming language တွေက ပိုလွယ်တာကို တွေ့ကြရမှာပါ။ ဒီလိုပါပဲ နောင်တစ်ချိန်မှာ ပေါ်ထွက်လာမယ့် programming language တွေဆိုရင် အခုထက်ပိုပြီး လွယ်လာဖို့ပဲ ရှိပါတယ်။ နောက်ဆုံးတစ်နေမှာ ကျွန်တော်တို့က ကွန်ပျူတာ ဘာသာစကားကို သင်စရာ မလိုတော့ပဲ၊ ကွန်ပျူတာကိုပဲ ကျွန်တော်တို့ ဘာသာစကား သင်ပေးလို့ ရရင် ရလာမှာပါ။ :D
What is C# ?

 C# ဆိုတာကရော ဘာလဲ၊ C# ဆိုတာ 1999/2000 စတင်သန္ဓေတည်ပြီး 2002 မှာ Microsoft က စတင်မွေးဖွားပေးလိုက်တဲ့ Programming Language တစ်ခုပဲ ဖြစ်ပါတယ်။ အဲ့ဒီ အချိန်က အရမ်းအရမ်းကို နံမယ်ကြီးနေခဲ့တဲ့ Object-Oriented Technology ကို အပြည့်အ၀ အသုံးပြုနိုင် တဲ့ Programming Language လို့လဲ ပြောလို့ ရပါတယ်။ C# language ရဲ့ principal designer and lead architect ကတော့ Anders Hejlsberg ဖြစ်ပါတယ်။ Java သမားတွေကတော့ C# ဆိုတာ Java ကို ပုံတူကူးချထားတဲ့ clone language တစ်ခုပဲလို့ ပြောကြပါတယ်။ Microsoft ကလည်း Java clone မဟုတ်ပါဘူး၊ C# က C++ နဲ့ ပိုပြီး တူပါတယ်လို့ ပြန်လည်ချေပပါတယ်။ ဘယ်လိုပဲ ပြောကြသည် ဖြစ်ပါစေ တကယ်တန်းတော့ C# language ဟာ အဲ့ဒီ အချိန်က တခြား programming language တွေရဲ့ အားသာချက်တွေကို ပေါင်းစပ်ထည့်သွင်းထားတာပဲ ဖြစ်ပါတယ်။
.NET Framework C# language အကြောင်း ပြောမယ်ဆိုရင် .NET Framework ( .NET Technology ) ကို မေ့ထားလို့ မရပါဘူး။ C# က .NET Framework ကိုသုံးထားတဲ့ Main Language တစ်ခုပဲ ဖြစ်ပါတယ်။ .NET Framework ထဲမှာ Framework Class Library (FCL) နဲ့ Common Language Runtime (CLR) တို့ ပါရှိပါတယ်။ FCL က .NET Framework ကိုအသုံးပြုတဲ့ programming language တွေအတွက် ကစ်ကယ့်ကို ကြီးမားများပြားတဲ့ library file အစုအဝေးကြီးပဲ ဖြစ်ပါတယ်။ .NET Framework support လုပ်တဲ့ language တွေအတွက် သက်ဆိုင်ရာ language compiler တွေ ကိုသုံးပြီး compile လုပ်လိုက်ရင် Microsoft Intermediate Language (MSIL) file လေးထွက်လာပါတယ်။ အဲ့ဒီ file လေးက Operation System က နားလည်တဲ့ Native Language မဟုတ်သေးပါဘူး။ ဒီ file လေးကို CLR ကပဲ နားလည်ပါတယ်။ Run လိုက်တဲ့ အချိန်မှာမှ CLR ထဲမှာ ရှိတဲ့ Just In-Time Compiler (JIT) လေးကနေတဆင့် recompile လုပ်ပြီးNative Code အဖြစ်ကို ပြောင်းပေးပါတယ်။ အလုပ်လုပ်ပုံလေးကို ကြည့်လိုက်ပါဦး။ .NET Framework ကို Microsoft Site မှာ Free download လုပ်လို့ ရပါတယ်။ ကျွန်တော်တို့ computer ထဲမှာ .NET Framework install လုပ်ပြီးရင် C# program တွေရေးလို့ ရပါပြီ။

Visual Studio IDE C# အောင်မြင်ဖို့ အရေးအကြီးဆုံး ထောက်ပံ့ပေးတဲ့ အထဲမှာ Integrated Development Environment (IDE) ကောင်းကောင်းရှိခြင်းကလည်း အကြောင်းတစ်ခုပါပဲ။ Language ဘယ်လောက်ပဲ ကောင်းနေပါစေ၊ လွယ်လွယ်ကူကူ ရေးသားလို့ရတဲ့ IDE ကောင်းကောင်းမရှိရင် မအောင်မြင်နိုင်ဘူးလို့ ထင်ပါတယ်။ Microsoft က Java ထက်ပိုပြီး အားသာသွားတာက Visual Studio လို့ခေါ်တဲ့ IDE ကောင်းကောင်း support ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ တခုတော့ ရှိပါတယ်၊ ကျွန်တော်တို့ ဆီမှာက Visual Studio ကို ၀ယ်သုံးစရာ မလိုလို့လည်း ပါပါတယ်။ မဟုတ်ရင်(၀ယ်သာသုံးရမယ်ဆိုရင်) မြန်မာနိုင်ငံမှာ C# ရေးတဲ့ သူ ရှိမှာတောင် မဟုတ်တော့ဘူး ထင်တယ် :) .NET Framework Version History ကိုလေ့လာကြည့်ပါဦး။
VersionVersion NumberRelease DateVisual StudioDefault in Windows 1.01.0.3705.02002-02-13Visual Studio .NETWindows XP Tablet and Media Center Editions 1.11.1.4322.5732003-04-24Visual Studio .NET 2003Windows Server 2003 2.02.0.50727.422005-11-07Visual Studio 2005Windows Server 2003 R2 3.03.0.4506.302006-11-06*IDE သီးခြားမထွက်ပါဘူးWindows Vista, Windows Server 2008 3.53.5.21022.82007-11-19Visual Studio 2008Windows 7, Windows Server 2008 R2 4.04.0.30319.12010-04-12Visual Studio 2010
တနှစ် တကြိမ်လောက်နီးပါး အသစ်ထွက်နေတဲ့ version တွေကို ကြည့်လိုက်ပြီး ငါတို့တော့ အမောဆို့တော့မှာပဲလို့လည်း မတွေးလိုက်ပါနဲ့ဦး။ Version အသစ်ထွက်တိုင်း၊ အဟောင်းကို လုံးဝ ပစ်ပယ်လိုက်တာ မဟုတ်ပါဘူး။ version 1.1 ကနေ 2.0 ကို ပြောင်းတဲ့ အချိန်မှာပဲ big change ဖြစ်ခဲ့တာ ဖြစ်ပြီး၊ ကျန်တဲ့ အကြိမ်တွေမှာတော့ addition more feature သာ ဖြစ်ပါတယ်။ ဒါကြောင့် အခုချိန်မှာ ကျွန်တော်တို့ Framework 2.0 ကိုပဲ သိတယ်ဆိုရင် အလုပ်ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျန်တဲ့ new version တွေအားလုံးက 2.0 ကို base ခံထားတာ ဖြစ်လို့ပါပဲ။ အောက်က ပုံလေးတွေကို ကြည့်လိုက်ရင် သိသာပါလိမ့်မယ်။
0
LikeSend
Be the first of your friends to like this.
http://www.sevenlamp.com/Blog/Post.aspx?pid=19 ဆိုဒ်မှပြန်ရှယ်ပေးထားပါတယ်ခင်ဗျား


0 comments:

Post a Comment